ပရီးမီးယားလိဂ် မန်စီးတီး ၁-၄ လီဗာပူး (ရုပ်သံဟိုက်လိုက်)

171
နိုဝင်ဘာ ၂၁ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက အိမ်ကွင်းမှာ လီဗာပူးအသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
လီဗာပူးအသွင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၇ မိနစ်မှာ လီဗာပူး ရှေ့တန်းကစား ဖာမီနို ဘယ်ခြမ်းကနေ ဂိုးရှေ့ဖြတ်တင်ပေးတဲ့ဘောလုံးကို မန်စီးတီးအသင်းက မန်ဂယ်လာ ဖျက်ထုတ်ရာမှာ ကိုယ့်ဂိုးကို သွင်းယူခဲ့မိတာပါ။
ပွဲချိန် ၂၃ မိနစ်မှာလည်း ဖာမီနိုက မန်စီးတီး နောက်ခံလူ ၂ ဦးကို ကျော်ဖြတ်ပြီး ဂိုးရှေ့ချပေးတဲ့ဘောလုံးကို ကော်တင်ဟိုက သွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ကစားရပေမယ့် မန်စီးတီးကို တောက်လျှောက် ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာလည်း ဖာမီနိုက ၁ ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်မှာ အဂူရိုက လီဗာပူးနောက်ခံလူတွေ လိုက်ဖျက်နေတဲ့ကြားက ဂိုးစည်းထိပ်နားကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့ပြီးနောက် ၃-၁ ဂိုးနဲ့ ပထမပိုင်း ပြီးဆုံးသွားပါတယ်။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၈၀ မှာ လီဗာပူးအတွက် ၄ ဂိုးမြောက်အဖြစ် နောက်ခံလူ စကာတယ်က သွင်းယူခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယား နံပါတ် ၁ နေရာကနေ အဆင့် ၃ ကို ရောက်ရှိသွားပြီး လီဗာပူးအသင်းကတော့ ဒီပွဲအနိုင်ကြောင့် ဇယား နံပါတ် ၉ မှာ ရပ်တည်နေပါတယ်။