A d v e r t i s e m e n t With Us

ဂျူဗင်တပ်စ် ၁-၀ အေစီမီလန် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ အီတလီ စီးရီးအေရဲ့ ထိပ်သီးနှစ်သင်းတွေ့ဆုံတဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့ပွဲစဉ်မှာတော့ ဂျူဗီက တဂိုးတည်းနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။ စီးရီးအေရဲ့ လေးနှစ်ဆက် ချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲမှာလည်း အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အေစီမီလန် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက် ကစားနိုင်ပေမယ့် အေစီ ဂိုးသမား လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီရာသီမှာ လူသစ်တွေနဲ့ အားဖြည့်ထားတဲ့ အေစီမီလန်အသင်းကတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာတော့ ဘယ်ခြမ်းက တင်ပေးတဲ့ ဘောလုံးကို ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒိုင်ဘာလာက မြေမကျ ကန်သွင်းပြီး တလုံးတည်းသော အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဂျူဗီအသင်းက အဆင့် ၆ မှာ ရပ်တည်နေပြီး အေစီမီလန်အသင်းက အဆင့် ၇ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up