A d v e r t i s e m e n t With Us

ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၈၀ ခန့်ရှိပြီ၊ ၁၀၀ ခန့် ပျောက်ဆုံးနေ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်တူးကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံပြိုကျမှုအတွင်း သေဆုံးသူ ၈၀ နီးပါးကို ပြန်တွေ့ထားပြီး ၁၀၀ ၀န်းကျင် ပျောက်ဆုံးနေပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်က ဖားကန့်မြို့ကနေ ဆယ်မိုင်ခန့်အကွာ လုံးခင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာ အကြား မြေစာပုံ ပြိုကျခဲ့ပြီး အလောင်းတွေကို ရှာဖွေနေဆဲပဲလို့ ဖားကန့်ဒေသခံ ကိုဇော်မိုးထက်က ပြောပါတယ်။ မနက်အစောကြီးပိုင်း လူတွေ အိပ်နေတဲ့အချိန်မှာ ပြိုကျတာ ဖြစ်ပြီး တဲအလုံး ၇၀ ကျော် ၈၀ လောက်ပါသွားတယ်လို့ သူက ပြောပါတယ်။ တဲတလုံးမှာ လူ ၃ ဦးကနေ ၆ ဦးလောက်အထိ နေထိုင်တဲ့အတွက် အသေအပျောက် အရေအတွက် တိုးလာဖွယ်ပါတယ်။ ဖားကန့်ဒေသမှာ  အရင်ကလည်း ကျောက်တူးဖော်ရေးလုပ်ငန်းတွေက စွန့်ပစ်တဲ့ မြေစာပုံတွေပြိုကျမှု ဖြစ်ခဲ့ပြီး ရေမဆေးကျောက်ရှာတဲ့ မိသားစုတွေ၊ မြေစာပုံအနီး ပျံကျ တဲထိုး နေထိုင်တဲ့ မိသားစုတွေ သေဆုံးခဲ့ဖူးပါတယ်။ အခုပြိုကျသွားတဲ့  မြေစာပုံဟာ ပေ ၁၀၀၀ ကျော်မြင့်ပြီး ခြေရင်းမှာ လူနေတဲ ၂၀၀ ၀န်းကျင် ရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ဇော်မိုးထက်  

A d v e r t i s e m e n t With Us

More News
Up