စပိန်လာလီဂါ ရီးရဲလ် ၀-၄ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

3.7K
နိုဝင်ဘာ ၂၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ စပိန် ထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ပွဲစဉ်မှာတော့ ဘာစီလိုနာက အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ အိမ်ကွင်းမှာ လက်ခံကစားရပေမယ့် ခြေစွမ်းအရ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ဂိုးပြတ်အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
ပွဲအစ ၁၁ မိနစ်မှာပဲ ဆာဂျီယို ချပေးတဲ့ ဘောလုံးကို ဆွာရက်ဇ်က အပြင်းကန်သွင်းပြီး ဘာကာအတွက် ဦးဆောင်ဂိုးသွင်းယူပါတယ်။
အဲဒီနောက်ပိုင်းမှာ တဖက်နဲ့ တဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး နှစ်သင်းလုံး အခွင့်အရေးတွေရရှိခဲ့ကြပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ အသင်းခေါင်းဆောင် အင်နရေစတာ ချပေးတဲ့ဘောလုံးကို နေမာက ကန်သွင်းပြီး ပထမပိုင်းမှာ ဘာကာက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေပါတယ်။
ဒုတိယပိုင်း ၅၃ မိနစ်မှာ အသင်းခေါင်းဆောင် အင်နရေစတာက ဘာကာအတွက် တတိယဦးဆောင်ဂိုး သွင်းယူပါတယ်။ ၇၄ မိနစ်မှာလည်း နေမာ ဖန်တီးပေးတာကနေ ဆွာရက်ဇ်က ထပ်မံသွင်းယူပြီး ဘာကာက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီ
ပွဲအနိုင်ကြောင့် ဘာစီလိုနာအသင်းဟာ ဒုတိယနေရာက ရီးရဲလ်ကို ၆ မှတ်ဖြတ်ပြီး ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။