A d v e r t i s e m e n t With Us

လေကြောင့် နောက်ပြန်ဝင်သွားသည့် ကံအဆိုးဆုံး ဂိုး (ရုပ်သံ)

အင်္ဂလန်နိုင်ငံ အဆင့် ၈ သတ်မှတ်ထားတဲ့ ဘောလုံးပြိုင်ပွဲမှာ သားရော့ခ်ကလပ်အသင်းမှာ ကစားနေတဲ့ နောက်ခံလူ ကမာဒူကန်  တော်တော် ကံဆိုးမိုးမှောင်ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့က ရမ်ဖိုဒ့်အသင်းနဲ့ ကစားတဲ့ပွဲမှာ ဒူကန် ရှေ့ကို ကန်တင်လိုက်တဲ့ ဘောလုံးဟာ တနာရီ ၇၀ မိုင်နှုန်း တိုက်ခတ်နေတဲ့ လေကြောင့် နောက်ကို ပြန်ရောက်ပြီး ဂိုးထဲကို ၀င်သွားလို့ပါ။ သူက ဘောလုံးကိုရှေ့ကို ရှင်းထုတ်လိုက်ပေမယ့် ပြင်းထန်တဲ့လေကြောင့် ဘောလုံးက ဂိုးဘက်ကို ပြန်ရောက်သွားပါတယ်။ ဂိုးသမားက လိုက်ဖမ်းပေမယ့်လည်း ဖမ်းမရဘဲ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ လေကြောင့် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ ဖြစ်ရပ်မျိုးကို တခါမှ မမြင်ဖူးဘူးလို့ သားရော့ ကလပ်မန်နေဂျာက ပြောပါတယ်။ ဒီဂိုးကြောင့် ရမ်ဖိုဒ့်အသင်းကို ၁ ဂိုး ပေးလိုက်ရပေမယ့် နောက်ပိုင်းမှာ သားရော့ခ်အသင်း ၁ ဂိုး ပြန်သွင်းနိုင်တာကြောင့် ပွဲအပြီး ၁ ဂိုးစီသရေကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up