ရုရှားက အိုင်အက်စ်ကို ဒုံးကျည်ဖြင့် ပစ်ခတ်နေသည့် ရုပ်သံထွက်ပေါ် (ရုပ်သံ)
DVB
·
November 21, 2015
ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) တွေကို ရုရှားက ဒုံးကျည်တွေ ပစ်လွှတ်ပြီး တိုက်ခိုက် စစ်ဆင်နေတဲ့ ရုပ်သံဖိုင်ကို ထုတ်ဖော်လိုက်ပါတယ်။
ကတ်ပီယမ်ပင်လယ်ထဲက စစ်သင်္ဘောတွေကနေ ဒုံးကျည် ၁၈ စင်းကို အလက်ပိုနဲ့ တခြား မြို့တွေက ပစ်မှတ် ၇ နေရာကို ပစ်လွတ်ခဲ့တာလို့ ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောပါ တယ်။
လူ ၂၂၄ ဦး စီးနင်းလာတဲ့ ရုရှား ခရီးသည်တင်လေယာဉ်ကို အိုင်အက်စ်အဖွဲ့က ပစ်ချခဲ့တယ်လို့ အတည်ပြုခဲ့ပြီးတဲ့နောက် အပြင်းအထန် စစ်ရေးအရ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဒုံးတွေအပေါ်မှာ ပဲရစ်အတွက်လို့ ရုရှားလေယာဉ်မှူးတွေက ရေးသားခဲ့ပြီး စည်းလုံးညီညွတ်မှုကို ပြသခဲ့ပါတယ်။
တိုက်ခိုက်မှုက အကြမ်းဖက်သမားတွေ ရေနံသိုလှောင်ထားတဲ့ တိုင်ကီနဲ့ တခြား ပစ္စည်းတွေကို ထိခိုက်ပြီး ၀င်ငွေထိခိုက်စေတယ်လို့ ဆိုပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဆီကား ၅၂၅ နဲ့ ဆီသိုလှောင်ရုံတွေ ထိခိုက်သွားသလို တပတ်ဝင်ငွေ ဒေါ်လာ ၁.၅ သန်း နစ်နာတယ်လို့ ဆိုပါတယ်။