A d v e r t i s e m e n t With Us

တံတားတည်ဆောက်ပြုပြင်ရန် ကျပ်သန်းပေါင်း ၂ သိန်းခွဲခန့် အသုံးပြုမည်

တံတားပေါင်း ၅၀၀ ကျော်ကို တည်ဆောက်၊ ပြင်ဆင်ဖို့အတွက် ကျပ်သန်းပေါင်း ၂၄၇၀၃၀ သုံးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ၊ သီးသန့် ရန်ပုံငွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ကအပ်နှံ ရန်ပုံငွေတွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီထဲမှာ ပေ ၁၈၀ အထက်တံတား ၁၃၃ စင်း၊ ပေ ၁၈၀ အောက် ၃၀၈ စင်းနဲ့ ပြင်ဆင်ဖို့ ၉၈ စင်း ပါဝင်ပါတယ်။ လက်ရှိမှာတော့ တံတားတွေကို ယာယီပြင်ဆင်တာ ရာနှုန်းပြည့်နီးပါးနဲ့ အသစ်တည်ဆောက်တာမှာတော့ ၅၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up