A d v e r t i s e m e n t With Us

ဇန်န၀ါရီတွင် ကစားသမားသစ်ခေါ်ရန် လုပ်ပိုင်ခွင့်မရှိဟု မော်ရင်ဟိုပြော

Football - Chelsea - Jose Mourinho Press Conference - Chelsea Training Ground - 20/11/15 Chelsea manager Jose Mourinho during the press conference Action Images via Reuters / Alan Walter Livepic
ဇန်န၀ါရီ ကစားသမား အပြောင်းအရွှေ့ကာလမှာ ကစားသမားအသစ်ခေါ်ယူပေးရေး တောင်းဆိုဖို့ အခွင့်အရေးမရှိဘူးလို့ အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်း နည်းပြ မော်ရင်ဟိုက ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ ၁၂ ပွဲကစားရာမှာ ၇ ပွဲရှုံးထားပြီး အမှတ်ပေးဇယား နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းက ကစားသမားတွေနဲ့ ပျော်ရွှင်နေသလို ကစားသမားတွေကို ယုံကြည်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာက မက်ဆီ၊ ဂျူဗင်တပ်က ပေါ့ဘာတို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ အသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျရဲ့ ထောက်ခံချက်ကို ပြန်လည် ရရှိနေပြီလို့လည်း ယုံကြည်နေပါတယ်။ နိုဝင်ဘာ ၂၁ ရက်မှာ ချဲလ်ဆီးဟာ နော်ဝှစ်ခ်ျအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up