A d v e r t i s e m e n t With Us

မာလီနိုင်ငံ ဟိုတယ်တခုကို အကြမ်းဖက်သမားများ ၀င်စီး (ရုပ်သံ)

အစွန်းရောက် အစ္စလာမ္မစ် သေနတ်သမားတွေ နိုဝင်ဘာ ၂၀ ရက်နေ့က ၀င်စီးခဲ့တဲ့ မာလီနိုင်ငံ ဘာမာကိုမြို့က အဆင့်မြင့် ဟိုတယ်မှာ ရှင်းလင်းရေးတွေ စလုပ်နေပါတယ်။ လုံခြုံရေးတွေက ဟိုတယ်ကို ၀ိုင်းထားပြီး အလောင်းတွေကို သယ်ထုတ်နေပါတယ်။ အစွန်းရောက် တိုက်ခိုက်ရေးသမားတွေ လက်ထဲကနေ ဓားစားခံ ၁၇၀ ကို ကယ်ထုတ်ဖို့အတွက် ကွန်မန်ဒို အဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း လူ ၂၇ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အခန်းထဲ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။ အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ ပတ်သက်တဲ့  Al Mourabitoun ဂျီဟတ်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပါတယ်။ အဲဒီအဖွဲ့ဟာ မာလီရဲ့ မြောက်ပိုင်း ကန္တရ ဒေသမှာ အခြေစိုက်တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ သေနတ်သမား ၂ ယောက်လုံးကို အသေဖမ်းဆီးနိုင်ခဲ့တယ်လို့ လုံခြုံရေး သတင်းအရင်းအမြစ်က ပြောပါတယ်။ ကုလသမဂ္ဂ အရာရှိတယောက်ရဲ့ အဆိုအရ အခင်းဖြစ်ပြီးနောက်  ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေက ဟိုတယ်ထဲမှာ ၀င်ရှာရာမှာ အလောင်း ၂၇ လောင်းကို တွေ့ရှိတယ်လို့ ပြောပါတယ်။ အစိုးရက နိုဝင်ဘာ ၂၀ ရက်နေ့ညမှာ အရေးပေါ် ၀န်ကြီးများ အစည်းအဝေးကို ခေါ်ယူပြီး တရားဝင် အသေအပျောက်စာရင်းကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up