ဘာစီလိုနာ-ရီးရဲလ်ပွဲ လုံခြုံရေး တင်းကြပ်မည်

1.5K
စပိန် လာလီဂါ ထိပ်တန်း ကလပ် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကစားတဲ့ ပွဲစဉ်မှာ လုံခြုံရေးကို သိသိသာသာ တိုးချသွားမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ ရီးရဲလ်ကွင်းမှာ ကစားမှာဖြစ်ပြီး ရဲတပ်ဖွဲ့ ၁၀၀၀ နီးပါးနဲ့ အရင်ပွဲစဉ်တွေထက် ၂ ဆချထားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သီးသန့်လုံခြုံရေး အစောင့်အရှောက် ၁၄၀၀ နဲ့ မြူနီစပယ်ရဲတပ်ဖွဲ့တွေကိုလည်း ချထားမယ်လို့ ဆိုပါတယ်။
စပိန် လုံခြုံရေး အရာရှိကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး သတိပေးချက် အဆင့် ၅ ရှိတဲ့ အနက် အဆင့် ၄ အဖြစ် သတ်မှတ်လုပ်ဆောင်နေပြီး ဒီပွဲပုံမှန်ဖြစ်ဖို့ လုံခြုံရေးကို အဆင့်မြှင့်ထားတယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက် ပြင်သစ်နိုင်ငံ ပဲရစ်က ဂျာမနီ-ပြင်သစ် ချစ်ကြည်ရေး ကစားတဲ့ ဘောလုံးကွင်းကို အကြမ်းဖက်သမားတွေ ပစ်မှတ်ထား ဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့အပြီး အခုလို လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။