သေခါနီးငါး ပြန်ရှင်လာသည့်ဖြစ်ရပ် တရုတ် လူမှုရေးကွန်ရက်တွင် ဂယက်ထ (ရုပ်သံ)

3.3K
တရုတ်နိုင်ငံ လူမှုရေးကွန်ရက် မီဒီယာပေါ်မှာ အသက်ငင်နေတဲ့ ငါးကို ရေထဲမှာထည့်ပြီး ပေါင်ဒါ ထည့်ပေးလိုက်ရင် ပြန်ရှင်လာတာနဲ့ ပတ်သက်ပြီး ဂယက်ထ ဆွေးနွေးနေပါတယ်။
ဒီလို ဓာတုပစ္စည်းကို ရေထဲမှာထည့်ပြီး ပြန်ရှင်လာတဲ့ ငါးကို စားသုံးရင် ကင်ဆာ ဖြစ်နိုင်တယ်ဆိုတဲ့ ကောလာဟလနဲ့ ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။
ဒီအကြောင်း ဂွမ်ဇီး ငါးသိပ္ပံ သုတေသနဌာနက လက်ထောက်အကြီးအကဲကို စီစီတီဗွီက မေးကြည့်ရာမှာ ထည့်လိုက်တဲ့အမှုန့်က ဆိုဒီယမ် ပါရောဆိုဒ်ဖြစ်ပြီး ရေထဲမှာ ပျော်သွားတာနဲ့ အောက်ဆီဂျင်ကို ထုတ်ပေးတယ်လို့ ဆိုပါတယ်။
ဒီအတွက် ငါးက အောက်ဆီဂျင်ကို ပြန်လည်ရရှိပြီး အသက်ပြန်ရှင်လာတာလို့ ဆိုပါတယ်။
အောက်ဆီဂျင်တိုးပွားစေဖို့အတွက် ဒီအမှုန့်အသုံးပြုတာက ကောင်းပေမယ့် ထုတ်လုပ်မှုတွေမှာ တခြားပစ္စည်းတွေကို ထည့်ရင်တော့ သတိထားရမယ်လို့ ပြောပါတယ်။