A d v e r t i s e m e n t With Us

ပြင်သစ်လိဂ် နိုက်စ် ၃-၀ လိုင်ယွန် (ရုပ်သံ)

ပြင်သစ်နိုင်ငံ ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး မရပ်ဆိုင်းဘဲ ကျင်းပသွားတဲ့ ပြည်တွင်းလိဂ်ပွဲစဉ်မှာ နိုက်စ်အသင်းက လိုင်ယွန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ၂ ဖက်အသင်း ဘောလုံးပိုင်ဆိုင်မှု မကွာပေမယ့် နိုက်စ်အသင်းက ရရှိတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်တဲ့ အတွက် အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ပွဲအစမိနစ် ၂၀ မှာ နိုက်စ်က အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ထားခဲ့ပါတယ်။ ဒုတိယပိုင်း ၄၈ မိနစ်မှာ လိုင်ယွန်အသင်းက ကစားသမားကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပါတယ်။ ဒီနောက် ၇၁ မိနစ်မှာ တတိယဂိုး သွင်းယူသွားပြီး နိုက်စ်အသင်းက အနိုင်ရရှိသွားပါတယ်။ ပွဲမစမီ နိုက်စ်အသင်းပရိသတ်က ဖယောင်းတိုင်မီး ထွန်းညှိခဲ့ပြီး တမိနစ်ငြိမ်သက်ခဲ့ပါတယ်။ ဒါအပြင် ပြင်သစ် နိုင်ငံတော်သီချင်းကိုလည်း ပွဲမစမီ ဖွင့်ပေးခဲ့ပါတယ်။ ဒီပွဲမှာ လုံခြုံရေးကြောင့် အဝေးကွင်း ပရိသတ်တွေ လာရောက် အားပေးခဲ့ခြင်းမရှိသလို ကွင်းအတွင်း ၀င်လာတဲ့ ပရိသတ်တွေကိုလည်း လုံခြုံရေး အရ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လိုင်ယွန်က ၁၄ ပွဲကစား ၂၅ မှတ်နဲ့ အမှတ်ပေးဇယားမှာ ဒုတိယ၊ နိုက်စ်ကတော့ ၁၄ ပွဲကစား ၂၄ မှတ်နဲ့ တတိယနေရာက ဦးဆောင်နေပါတယ်။ အမှတ်ပေးဇယား ပထမနေရာကိုတော့ ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)က ၁၃ ပွဲကစား ၃၅ မှတ်နဲ့ ဦးဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up