A d v e r t i s e m e n t With Us

ဓာတု ဇီဝ တိုက်ခိုက်မှုတို့နှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် ပြော

ပြင်သစ်ဝန်ကြီးချုပ်။ (ဓာတ်ပုံ - ရိုက်တာ)
ပြင်သစ်နိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ဓာတုတိုက်ခိုက်မှု၊ ဒါမှမဟုတ် ဇီဝတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၁၉ ရက်နေ့က လွှတ်တော်မှာ ပြောဆိုပါတယ်။ လက်ရှိ တနိုင်ငံလုံးမှာ ပြဋ္ဌာန်းထားတဲ့ အရေးပေါ်အခြေအနေကို နောက်ထပ် ၃ လ ဆက်လက်ပြဋ္ဌာန်းသင့်၊ မသင့်၊ အောက်လွှတ်တော်မှာ ဆွေးနွေးချိန် ပြင်သစ်ဝန်ကြီးချုပ်က အခုလို သတိပေးပြောဆိုခဲ့တာပါ။ လက်ရှိ ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ ပြင်သစ်နိုင်ငံက သွားရောက်တိုက်ခိုက်နေတာတွေနဲ့ မဆိုင်ဘဲ အစွန်းရောက် အကြမ်းဖက်ဝါဒကြောင့် တိုက်ခိုက်ခံရတာလို့ ပြောဆိုပါတယ်။ လက်ရှိ အကြမ်းဖက်တွေရဲ့ လှုပ်ရှားမှု၊ တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ စုစုပေါင်း လူ ၁၂၉ ဦး သေဆုံးတဲ့ ပါရီမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုတွေကို အိုင်အက်စ် အကြမ်းဖက်တွေက သူတို့ရဲ့လက်ချက်လို့ တာဝန်ခံကြေညာထားပြီး ဆီးရီးယားစစ်မှာ ပြင်သစ်က ပါဝင်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တာလို့ ပြောဆိုပါတယ်။ နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဦးမယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။ ပါရီတိုက်ခိုက်မှုတွေအပြီး ဆီးရီးယားနိုင်ငံမှာ ပြင်သစ်နိုင်ငံက လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။ ရုရှားနိုင်ငံနဲ့လည်း ပူးပေါင်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အိုင်အက်စ် အကြမ်းဖက်နှိမ်နင်းရေး နိုင်ငံတကာတပ်ဖွဲ့ပုံစံမျိုး ဖွဲ့စည်းသွားဖို့ ဥပဒေမူကြမ်းတရပ်ကိုလည်း အဆိုတင်သွင်းမယ်လို့ ပြောပါတယ်။ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့ကို အမြန်ဆုံးချေမှုန်းရေး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းပါဝင်ဖို့ ပြင်သစ်သမ္မတ ဟောလန်ဒီက တိုက်တွန်း တောင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up