A d v e r t i s e m e n t With Us

ကေအိုင်အေ တပ်မဟာ ၈ စခန်းကို အစိုးရတပ် သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာမှာ ခြေကုပ်ယူ တပ်စွဲထားတဲ့  ကေအိုင်အေ တပ်မဟာ ၈ စခန်းကို တပ်မတော်က နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်ရရှိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။ အဆိုပါစခန်းမှာ လေယာဉ်ပစ်ကျင်း၊ လက်နက်ကြီး လက်နက်ငယ်ပစ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ၊ ဆက်သွယ်ရေးမြောင်း၊ သစ်လုံးဘန်ကာတွေ၊ လူ ၁၅ဝ နေနိုင်တဲ့ အိပ်ဆောင်တဲ ၃၀ ကျော် တွေ့ရှိခဲ့ပြီး ဒေသန္တရလုပ် မိုင်းမျိုးစုံ ၉၂ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ တူမီးသေနတ် ၂ လက်၊ ဆိုင်ကယ် ၄ စီး၊ မီးစက် ၁ လုံး စတာတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မိုးညှင်းမြို့အနားမှာ ကေအိုင်အေတပ်တွေနဲ့ အစိုးရတပ်တွေအကြား နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး အစိုးရတပ်တွေက မြေပြင်မှာ လက်နက်ကြီး အမြောက်တွေနဲ့ တိုက်ခိုက်ခဲ့သလို ဝေဟင်ကနေလည်း စစ်ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ကေအိုင်အေအဖွဲ့ဟာ အန်စီအေ လက်မှတ်ရေးထိုးကာလမှာ အခွင့်ကောင်းယူပြီး အင်အားတိုးချဲ့ကာ သတ်မှတ်နေရာမဟုတ်တဲ့ မိုးညှင်းမြို့အနီး ၃ မိုင်ခန့်အကွာ တောင်ကုန်းမှာ ခြေကုပ်စခန်း တည်ဆောက်လှုပ်ရှားလာလို့ တပ်မတော်က နယ်မြေရှင်းလင်းခဲ့ရတာလို့  မြ၀တီသတင်းမှာ ရေးပါတယ်။ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ ဒါဟာ ခုခံစစ်ပွဲဖြစ်တဲ့အကြောင်းနဲ့ အစိုးရတပ်ကနေပြီး ကေအိုင်အေရဲ့ ရှေ့တန်းစခန်းတွေကို ၀င်သိမ်းလို့ တိုက်ပွဲတွေ ဖြစ်ပွားရတာလို့ ဒီဗွီဘီကို ပြောပါတယ်။ ဓာတ်ပုံ - မြ၀တီ  

A d v e r t i s e m e n t With Us

More News
Up