A d v e r t i s e m e n t With Us

စပိန် တာလတ်အပြေးသမား ၂၀၀၉ ချန်ပီယံဆု ရုပ်သိမ်းခံရ

ဓာတ်ပုံ - ရိုက်တာ
စပိန်တာလတ်အပြေးသမား မာတာ ဒိုမင်းဂတ်ဇ် (Marta Dominguez) ဟာ ၂၀၀၉ ခုနှစ် အခက်အခဲ အတားအဆီးတွေ ဖြတ်ကျော်ယှဉ်ပြိုင်ရတဲ့ အပြေးပြိုင်ပွဲ ချန်ပီယံဆုကို ရုပ်သိမ်းခံခဲ့ရပါတယ်။ အသက် ၄၀ အရွယ် ဒိုမင်းဂတ်ဇ်ကို သွေးထဲမှာ မူမမှန်တဲ့ အခြေအနေ တွေ့ရပြီး ၂၀၁၃ ခုနှစ်က ဆေးသုံးတယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာ သူ ဒု-ဥက္ကဋ္ဌတာဝန်ယူထားတဲ့ စပိန် ပြေးခုန်ပစ် ဖက်ဒရေးရှင်းက စွပ်စွဲချက်ကို ရှင်းလင်းခဲ့ပေမယ့် အားကစားဆိုင်ရာ တရားရုံးက ပြန်လည် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်ကို အားကစားအဖွဲ့တွေဖြစ်တဲ့ အိုင်အေအေအက်ဖ်နဲ့ ကမာ့္ဘဆေးသုံးစွဲမှု တားဆီးရေးအဖွဲ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် သြဂုတ် ၅ ရက်နဲ့ ၂၀၁၃ ဇူလိုင် ၈ ရက်က ဒိုမင်းဂတ်ဇ်ရဲ့ ဆေးစစ်ချက်တွေက မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ ဒီအတွက် ဘာလင်မှာရတဲ့ ရွှေတံဆိပ်နဲ့ ၂၀၁၀ အခက်အခဲ အတားအဆီးတွေ ဖြတ်ကျော် ယှဉ်ပြိုင်ရတဲ့ ဥရောပ မီတာ ၃၀၀၀ မှာ ရတဲ့ ငွေတံဆိပ်ကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up