A d v e r t i s e m e n t With Us

ရုရှားလေတပ် ဆီးရီးယားရှိ အိုင်အက်စ်စခန်းများကို အကြီးအကျယ် တိုက်ခိုက် (ရုပ်သံ)

ရုရှားလေတပ်ဟာ ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်စစ်သွေးကြွတွေရဲ့ စခန်းတွေကို နိုဝင်ဘာ ၁၉ ရက်နေ့က အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားစစ်လေယာဉ်တွေက ဆီးရီးယားနိုင်ငံတွင်း လေတပ်အခြေစိုက်စခန်းကနေ ၉၈ ကြိမ် ပျံတက်ခဲ့ပြီး ပစ်မှတ် ၁၉၀ ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အိုင်အက်စ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေနံချက်စက်ရုံတွေကို ထိမှန်ခဲ့တယ်လို့ ရုရှား စစ်ဦးစီးအရာရှိချုပ်က ပြောတဲ့အကြောင်း ရုရှားမီဒီယာ ရီယာ နိုဗိုစတီက ကြေညာပါတယ်။ ရုရှားလေယာဉ်တွေဟာ အလက်ပိုနဲ့ အိဒလစ်ဘ်ခရိုင်တွေက အိုင်အက်စ်ပစ်မှတ်တွေကို ခရုဇ်ဒုံးကျည် ၁၂ စီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up