ကရင်နီကျောင်းသားသမဂ္ဂမှ ရှမ်းပြည် စစ်ဘေးသင့်ပြည်သူများအတွက် အလှူခံ (ရုပ်သံ)
DVB
·
November 20, 2015
ကယားပြည်နယ် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီး ရှေ့တွင် ကယား(ကရင်နီ)ပြည် ကျောင်းသားသမဂ္ဂမှ ဦးစီးပြီး ရှမ်းပြည်နယ် စစ်ဘေးသင့်ပြည်သူများအား ကူညီပေးရေးအတွက် ဒီနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီမှာ စတင်အလှူခံနေပါတယ်။
ကရင်နီကျာင်းသားသမဂ္ဂ ဥက္ကဋ္ဌ ခွန်ရဲမင်းကျော်က “လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီး ရှေ့မှာ အလှူခံပြီး နေ့လည်ပိုင်းမှာ နှစ်ထပ်ဈေးရှေ့ သွားရောက်အလှူခံမယ် ဒီနေ့တော့ လွိုင်ကော်မြို့ထဲမှာပဲပေါ့ နောက်နေ့ကျရင်တော့ တခြား ဒီးမော့ဆိုမြို့ဘက်မှာတွေ သွား အလှူခံမယ်”လို့ ပြောပါတယ်။
ရိုက်ကူး - ပြည်ဟိန်းကျော်