ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါးရတ် ဘေးလ်က ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။
ရီးရဲလ်အသင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘာစီလိုနာအသင်းနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဝေးလ် တိုက်စစ်မှူးဟာ ဒဏ်ရာကြောင့် သီတင်း ၆ ပတ်လောက် အနားယူခဲ့ရပြီး နိုဝင်ဘာ ၈ ရက်နေ့က ဆီဗီလာနဲ့ ပွဲစဉ်မှာ ပြန်ကစားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ကစားမယ့် ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြည့်ဝေနေပြီလို့လည်း ဘေးလ်က ပြောပါတယ်။
ဘာစီလိုနာအသင်းမှာလည်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ဒဏ်ရာကနေ သက်သာလာပြီး ပြန်ကစားနိုင်ဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်။
လောလောဆယ် စပိန် လာလီဂါ အမှတ်ပေးဇယားမှာ ဘာစီလိုနာက ဦးဆောင်နေပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၃ မှတ် ဖြတ်ထားပါတယ်။