A d v e r t i s e m e n t With Us

ပါရီတိုက်ခိုက်မှုအတွက် အဓိက သံသယရှိသူ သေဆုံးဟု ပြင်သစ် ပြော

အဗ်ဒယ်ဟာမစ် အဗို့ဒ်။ (ဓာတ်ပုံ - ရိုက်တာ)
ပြင်သစ်နိုင်ငံ ပါရီမြို့တော် တိုက်ခိုက်မှုတွေကို အဓိကစီစဉ်ခဲ့သူလို့ သံသယရှိနေသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ပါရီမြို့တော်မြောက်ပိုင်း စီးနင်းမှုအတွင်း သေဆုံးခဲ့သူဖြစ်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက နိုဝင်ဘာ ၁၉ ရက်နေ့က ပြောဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် အဗ်ဒယ်ဟာမစ် အဗို့ဒ် (Abdelhamid Abaaoud) ဟာ အိုင်အက်စ် အကြမ်းဖက်တဦးလို့ ပြင်သစ်အာဏာပိုင်တွေက အတည်ပြုပြောဆိုပြီး သေနတ်ကျည်ဒဏ်ရာအပြည့်နဲ့ သေဆုံးတယ်လို့ ပြောဆိုပါတယ်။ ထောက်လှမ်းရေး အချက်အလက်တွေအရ သူဟာ ဆီးရီးယားကနေ ဂရိနိုင်ငံကိုဖြတ်ပြီး ပြန်ရောက်လာတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ သူဟာ ဘယ်ဂျီယံနိုင်ငံသားတဦးဖြစ်ပြီး သူ ပြန်ဝင်လာချိန်မှာ သူ့ကိုယ်သူ ဘယ်ဂျီယံနိုင်ငံသားလို့ ထုတ်ပြောခဲ့ခြင်းရှိ၊ မရှိတော့ မသိရပါဘူး။ ပါရီမြို့တော်မြောက်ပိုင်း စီးနင်းမှုတွေအတွင်း ပါရီမြို့တော်တိုက်ခိုက်မှုနဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ၈ ဦး ဖမ်းဆီးရမိပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပါရီမြို့တော် အစိုးရရှေ့နေက ပြောဆိုပါတယ်။ သေဆုံးခဲ့သူ ၂ ဦးအနက် နောက်တဦးဟာ မိမိကိုယ်ကိုယ် အသေခံဗုံးခွဲခဲ့ပြီး အဗ်ဒယ်ဟာမစ် အဗို့ဒ်နဲ့ ၀မ်းကွဲမောင်နှမ တော်စပ်တဲ့ အမျိုးသမီးတဦးဖြစ်တယ်လို့ ပြောပါတယ်။ အဗ်ဒယ်ဟာမစ် အဗို့ဒ် ဟုတ်၊ မဟုတ် သူ့ရဲ့ လက်ဗွေရာနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up