အင်္ဂလန်တိုက်စစ်မှူး စတောရစ် မန်းစီးတီးပွဲတွင် ပါဝင်ကစားရန် လုံလောက်သည့်ကြံ့ခိုင်မှုရှိ

ဓာတ်ပုံ - ရိုက်တာ
1.4K
တိုက်စစ်မှူး ဒယ်နီရယ် စတောရစ်အနေနဲ့ လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့ မန်စီးတီးနဲ့ ပွဲမှာ ပါဝင်ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုရှိနိုင်တယ်လို့ နည်းပြ ဂျာကန် ကလော့က ပြောဆိုလိုက်ပါတယ်။
တိုက်စစ်မှူး စတောရစ်ဟာ ဒူးဒဏ်ရာကြောင့် ကာလာ ကြာရှည် အနားယူနေရပြီး လီဗာပူး နည်းပြသစ် လက်ထက်မှာ ပါဝင် ကစားနိုင်ခြင်း မရှိသေးပါဘူး။
အင်္ဂလန် တိုက်စစ်မှူး စတောရစ်ဟာ ၂၀၁၃၊ ၂၀၁၄ ဘောလုံးရာသီမှာ လီဗာပူးအတွက် ၂၄ ဂိုး သွင်းယူနိုင်ခဲ့သလို အသင်းဟာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။
ဒီနှစ်ရာသီထဲမှာတော့ သူဟာ ၆ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နည်းပြသစ် လက်ထက်မှာ ရလဒ်တွေ တဖြည်းဖြည်း ပြန်ကောင်းလာနေပြီး လောလောဆယ် အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။