ရခိုင်ပြည်နယ်မြို့တော်တွင် လုံခြုံရေးတင်းကျပ်
DVB
·
November 20, 2015
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ထဲကို အကြမ်းဖက်ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာ တားဆီးဖို့အတွက် လုံခြုံရေးနဲ့ စစ်ဆေးရေး အစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့က စစ်တွေမြို့နယ်အ၀င်လမ်း ကျောက်တန်းတံတားထိပ် စစ်ဆေးရေးဂိတ်မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်နဲ့ လူကုန်းကူးတပ်ဖွဲ့တွေပါ ပါဝင်တဲ့ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွေဟာ မော်တော်ယာဉ်တွေကို ရပ်တန့်စေပြီး ရှာဖွေ စစ်ဆေးတာတွေ လုပ်ခဲ့ပြီး ဒေသတွင်းမှာရှိတဲ့ လူတွေ အေးအေးချမ်းချမ်းနေနိုင်ရေးအတွက် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်တာလို့ စစ်တွေခရိုင်ရဲမှူးကြီး ဦးဝင်းနောင်က ပြောပါတယ်။
စစ်ဆေးရာမှာ လက်နက်ခဲယမ်းနဲ့ ပတ်သက်တာတွေ မတွေ့ရှိရဘဲ မော်တော်ယာဉ်တစီးနဲ့လာတဲ့ အမျိုးသားနှစ်ဦးထံက စိတ်ကြွဆေးပြားသုံးပြားကို ရှာဖွေတွေ့ရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးနေပါတယ်။