A d v e r t i s e m e n t With Us

နာစရီ ဒဏ်ရာကြောင့် ဖေဖော်ဝါရီ မတိုင်ခင် ကစားနိုင်တော့မည် မဟုတ်

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာ စီးတီးအသင်း ကွင်းလယ်သမား နာစရီဟာ ဒဏ်ရာကြောင့် လာမယ့် ဖေဖော်ဝါရီလ မတိုင်ခင်အထိ ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ အသက် ၂၈ နှစ်အရွယ် နာစရီဟာ ဘုန်းမောက်ကို အနိုင်ရတဲ့  ပြီးခဲ့တဲ့ အောက်တိုဘာလက ပရီးမီးယားလိဂ် ပွဲစဉ်မှာ တကောက်ကြော ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာနဲ့ ပက်သက်လို့  ပြင်သစ်ကွင်းလယ်သမား နာစရီက သူ့အကောင့်မှာ ရေးထားတာကတော့ နောက်ထပ် ၃ လ အကြာမှာ အခုထက်ပိုပြီး ကစားပုံ ကောင်းတဲ့ပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ဆိုထားပါတယ်။ မန်စီးတီး ကွင်းလယ်သမားဟာ ဒီနှစ်ရာသီမှာ ဒဏ်ရာ ပြဿ  နာနဲ့ ရုန်းကန်ခဲ့ရလို့ အသင်းအတွက် ၈ ပွဲပဲ ကစားပေး နိုင်သေးပြီး ၁ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up