ဝေးလ်နှင့် ဆွမ်ဆီးနောက်ခံလူ အာရှဘောလုံးသမားဆု ရ

685
ဝေးလ်နဲ့ ဆွမ်ဆီးနောက်ခံလူ နေလ်းတေလာကို အာရှ ဘောလုံးသမားဆုကို ၀င်ဘလေမှာ ချီးမြင့်လိုက်ပါတယ်။
ဒီဆုဟာ တတိယအကြိမ်မြောက်ချီးမြင့်တာဖြစ်ပြီး အင်္ဂလန်ဘောလုံးကလပ်က ဗြိတိန် အာရှ အနွယ်တွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြု ပေးအပ်တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် ဝေးလ်မှာ မွေးတဲ့ တေလာရဲ ဖခင်ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပြီး မိခင်က အိန္ဒိယလူမျိုးဖြစ်ပါတယ်။
တေလာဟာ ဝေလ်းအသင်း ၂၀၁၆ ယူရို ခြေစစ်ပွဲအောင်မြင်အောင် ကူညီထားပါတယ်။
ဒါအပြင် အက်စ်တွန်ဗီလာနဲ့ အသက် ၁၇ နှစ် အင်္ဂလန် အသင်းခေါင်းဆောင် ပါကစ္စတန်နွယ်ဖွား အသက် ၁၇ နှစ် နောက်ခံလူ အီဆာဆူလီမန်က လူငယ်ကစားသမားဆုကို ရရှိသွားပါတယ်။
၂၀၁၂၊ ၂၀၁၃ ခုနှစ်မှာလည်း အာရှဘောလုံးသမား ဆုကို ချီးမြှင့်ခဲ့ပေမယ့် လက်ရှိမှာတော့ ၂နှစ်တကြိမ် ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။
၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းတွေအရ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်က ၅.၃ ရာခိုင်နှုန်းက အင်္ဂလန်နဲ့ ဝေးလ်မှာ နေထိုင်နေပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ ထိပ်တန်း ဘောလုံးပြိုင်ပွဲ ၄ ခုမှာ ဒီအနွယ်ဝင် ကစားသမား ၇ ဦးပဲရှိနေပါတယ်။