ပရီးမီးယားလိဂ် ပွဲမစခင် ပြင်သစ် နိုင်ငံတော်သီချင်းဖွင့်မည်

684
လာမယ့် သီတင်းပတ်မှာ ကျင်းပဖို့ရှိတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲမစခင် ပြင်သစ်နိုင်ငံတော် သီချင်းကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
၂ ဖက်အသင်းက ကစားသမားတွေက ဘောလုံးပွဲကြီးကြပ်သူတွေနဲ့ အတူ ကွင်းလယ်မှာ နေရာယူပြီးတဲ့ အချိန်မှာ နိုင်ငံတော်သီချင်းကို ဖွင့်သွားမှာ ဖြစ်ပါတယ်။
လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့တဲ့ ပြင်သစ် ပဲရစ် တိုက်ခိုက်မှုကို အမှတ်ရစေဖို့နဲ့ စည်းလုံးညီညွတ်မှုကို ပြသတာ ဖြစ်တယ်လို့ ပရီးမီးယားလိဂ်အကြီးအကဲက ပြောပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာ ပြင်သစ် ကစားသမား ၇၂ ဦးကစားနေတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကစားသမားတွေက အိမ်ကွင်း နောဝှစ်ခ်ျနဲ့ ကစားမယ့်ပွဲမှာ ပြင်သစ်နိုင်ငံတော် အလံနဲ့ အမဲရောင် လက်ပတ်ကို ၀တ်ဆင်ကစားမှာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကလည်း လက်စတာနဲ့ ပွဲစဉ်မှာ အမဲရောင် လက်ပတ်ကို ၀တ်ဆင်ကစားကြမှာ ဖြစ်ပါတယ်။
အင်္ဂလန် ပြင်သစ် ချစ်ကြည်ရေးပွဲစဉ်မှာလည်း ပြင်သစ်နိုင်ငံတော်သီချင်းကို ပရိသတ်တွေက သီဆိုခဲ့ကြပါတယ်။