A d v e r t i s e m e n t With Us

လက်နက်ပိုင်ဆိုင်ခွင့် ပိတ်ပင်ခံထားရသူထံမှ သေနတ်အလက် ၅၀၀ ကျော် သိမ်းဆည်း

ဓာတ်ပုံ - KSEE
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အာဏာပိုင်တွေက အရင် စိတ်ကျန်းမာရေးကြောင့် လက်နက်ပိုင်ဆိုင်ခွင့် ပိတ်ပင်ခံထားရတဲ့ အမျိုးသားတဦးဆီကနေ သေနတ်အလက် ၅၀၀ ကျော်ကို နိုဝင်ဘာ ၁၈ ရက်နေ့က သိမ်းဆည်းခဲ့ပါတယ်။ ကယ်လီဖိုးနီးယား လက်နက်ဗျူရို ဝန်ထမ်းတွေက ဒီအမျိုးသားဟာ သေနတ်တွေကို တရားဝင်ဝယ်ခဲ့တာ ဖြစ်ပေမယ့် သူ့မှာ သေနတ်ပိုင်ဆိုင်ခွင့်လိုင်စင် မရှိဘူးလို့ ပြောပါတယ်။ သူဟာ အရင်က ပြည်ထောင်စု လက်နက်အရောင်းကိုယ်စားလှယ်ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင်း လက်နက်ရောင်းခွင့်လိုင်စင် ရှိထားတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် တရားရေးဌာန အထူးစုံထောက် မိုက်ကယ် ဟာရော့ဒ်စန်က ပြောပါတယ်။ ဒီလိုင်စင်က ၂၀၁၄ မှာ ပျက်ပြယ်သွားခဲ့တယ်၊ ဒါကြောင့် သူ့မှာ လက်နက်တွေ အများကြီးပိုင်နေတာ ဖြစ်မယ်လို့ယုံတယ်ဆိုပြီး ပြောပါတယ်။ သူ့ကို လောလောဆယ် တရားမဝင် လက်နက်ပိုင်ဆိုင်မှုနဲ့ တရားစွဲထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up