ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံ (သတင်းဓာတ်ပုံ)
DVB
·
November 19, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင် I-12 မှာ နိုင်ငံတကာသံရုံးများမှ သံအမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး တရားဥပဒေစိုးမိုးရေး ကိစ္စများနဲ့ စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးသွားမယ်လို့ အန်အယ်လ်ဒီ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ပါတယ်။
သတင်းဓာတ်ပုံ - အန်အယ်လ်ဒီ