A d v e r t i s e m e n t With Us

ဓားစာခံကို အိုင်အက်စ် သတ်ဖြတ်ခဲ့မှု တရုတ်အစိုးရ ပြင်းပြင်းထန်ထန် ရှုတ်ချ

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက တရုတ်ဓားစာခံ တဦးကို သတ်ခဲ့တယ်လို့ ပြောအပြီး တရုတ်အစိုးရက တရားမျှတမှု ပြန်ရစေရမယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့က ကတိပြုလိုက်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ဘယ်လိုအကြမ်းဖက်မှုပုံစံမျိုးကိုမဆို ဆန့်ကျင်တယ်လို့ ပြောရင်း သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ၂၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံရဲ့ ဆက်စပ် ဆွေးနွေးပွဲအတွင်း တရုတ်သမ္မတက ခုလို ပြောလိုက်တာပါ။ အိုင်အက်စ်တွေက ဓားစာခံအဖြစ် ဖမ်းထားတဲ့ တရုတ်လူမျိုး ဖန်ကျင်းဟွေကို သတ်ဖြတ်မှုအပေါ် တရုတ်နိုင်ငံခြား ဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်နေ့က အတည်ပြုပါတယ်။ ရာဇဝတ်သားတွေကို တရားစီရင်ရမယ်လို့လည်း ပြောပါတယ်။ အသက် ၅၀ အရွယ် ဖန်ကျင်းဟွေဟာ တရုတ်မြို့တော် ဘေကျင်းက အလွတ်တမ်း အကြံပေးဖြစ်ပြီး သူ့ကို အိုင်အက်စ်တွေက စက်တင်ဘာတုန်းက ဖမ်းဆီးခဲ့ပေမယ့် ဘယ်နေရာကနေ ဖမ်းဆီးခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up