A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်တွင် နည်းပြပြန်လုပ်ချင်ဟု အန်စလော့တီ ပြော

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးနည်းပြဟောင်း ကာလို အန်စလော့တီက ပရီးမီးယားလိဂ်မှာ ပြန်လာပြီး နည်းပြ လုပ်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်က နံပါတ်တစ် ဦးစားပေး ဖြစ်ပေမယ့် ဒီနှစ်ဘောလုံးရာသီထဲမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အသက် ၅၆ နှစ်အရွယ် နည်းပြ အန်စလော့တီဟာ ချဲလ်ဆီးနည်းပြဘ၀ ၂၀၁၀ မှာ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီနှစ်ရာသီမှာ ရလဒ်တွေ မကောင်းဖြစ်နေလို့ နည်းပြ မော်ညင်ဟိုရဲ့ နေရာမှာ အစားထိုးခံရမယ်တော့ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အန်စလော့တီဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့မှာ နည်းပြလုပ်ခဲ့ပြီး လောလောဆယ်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။ လာမယ့် ဘောလုံးရာသီသစ်မှာ နည်းပြလုပ်ဖို့ အသင်းရှာဖွေသွားမှာ ဖြစ်တယ်လို့လည်း အီတလီသား နည်းပြက ပြောဆိုထားပါတယ်။ သူဟာ နည်းပြသက်တမ်းအတွင်းမှာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်၊ အမှတ်ပေးဖလား ၃ ကြိမ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ် ရဖူးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up