ထိုင်ဝမ် မူးယစ်မှောင်ခိုသမားကို တရုတ် သေဒဏ်ပေး

ဓာတ်ပုံ - စီစီတီဗွီ
1.6K
တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင်မှာ မက်သာဖက်တမင်း ၁၂ ကီလိုဂရမ်ကို သယ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်ဝမ်နိုင်ငံသား တဦးကို သေဒဏ်ပေးလိုက်ပါတယ်။
နိုဝင်ဘာ ၁၈ ရက် တရုတ်တရားရုံးက အမိန့်ချမှတ်အပြီးမှာ ကျူးလွန်သူကို စီရင်ခဲ့ပြီး ဖြစ်တယ်လို့ တရုတ် စီစီတီဗွီသတင်းက ကြေညာပါတယ်။
တရုတ်နိုင်ငံသားနဲ့ တခြားနိုင်ငံသားတွေ အားလုံးဟာ တရုတ်ဥပဒေအရ ဘိန်း ၁ ဂရမ်၊ ဘိန်းဖြူ၊ မက်သာဖက်တမင်းနဲ့ တခြား မူးယစ်ဆေးတွေ ၅၀ ဂရမ်အထက် တွေ့ရှိခဲ့ရင် သေဒဏ်ကျခံဖို့ ချမှတ်ထားပါတယ်။
နိုင်ငံအတော်များများမှာ သေဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ခြင်း မရှိပေမယ့် ၂၀၀၀ ခုနှစ်ကတည်းက နိုင်ငံခြား မူးယစ်မှောင်ခိုသမားနဲ့ အစိုးရ အရာရှိတွေကို တရုတ်က သေဒဏ် စီရင်ခဲ့ပါတယ်။
အရင်နှစ် စက်တင်ဘာက အသက် ၇၁ နှစ်အရွယ် ဂျပန်အရာရှိတဦးကိုလည်း မက်သာဖက်တမင်း ၃ ကီလိုဂရမ် သယ်ဆောင်မှုနဲ့ တရုတ်က သေဒဏ်စီရင်ခဲ့ပါတယ်။
ဂျပန်က အကြိမ်ကြိမ် သက်ညှာခွင့်ပေးဖို့ တောင်းဆိုပေမယ့်လည်း မလိုက်လျောခဲ့ပါဘူး။
ဒါ့အပြင် ၂၀၀၈ ခုနှစ်ကလည်း ဗြိတိန်နိုင်ငံသား တဦးကို မူးယစ်ဆေးမှုနဲ့ တရုတ်က သေဒဏ်ပေးခဲ့ပါတယ်။