A d v e r t i s e m e n t With Us

ဆီးရီးယားရှိ အိုင်အက်စ် ရေနံတွင်းများကို ဗုံးကြဲသည့် ရုပ်သံ ရုရှား ဖြန့်ချိ

ရုရှားလေတပ်က Su34 ဗုံးကြဲလေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံတွင်းက အစ္စလာမ္မစ် နိုင်ငံတော် နာမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ရေနံတွင်း၊ အခြေခံ အဆောက်အဦတွေကို စပြီး ဗုံးကြဲနေပြီလို့ ရုရှားစစ်ဦးစီးအရာရှိချုပ် အန်ဒရေ ကာတာပိုလာ့ဗ်က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုလည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဖြန့်ချိလိုက်ပါတယ်။ အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ရေနံတင်ကားတွေ နေရာတွေကို ရုရှား လေကြောင်းတိုက်ခိုက်မှု ထိမှန်နေပုံလို့ ပြောထားတဲ့ ကောင်းကင်က ရိုက်ကူးထားတဲ့ ရုပ်သံတွေကို ဖြန့်ချိပါတယ်။ ရုရှားစစ်ဦးစီးချုပ်ရဲ့ အကြီးတန်းကိုယ်စားလှယ်ကလည်း ရုရှားဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း ဂြိုဟ်တုရုပ်ပုံ အပါအဝင် ထောက်လှမ်းရေး သတင်းအချက်အလက် ပုံစံအားလုံးကို စုဆောင်း သုံးစွဲခဲ့ပြီးပြီလို့ ပြောပါတယ်။ အိုင်အက်စ်တွေဟာ သူတို့လှုပ်ရှားမှုတွေအတွက် ဘဏ္ဍာငွေရဖို့ ငွေရလမ်းပေါင်းစုံကို မှီခိုနေတယ်လို့ ယုံကြည်ရပါတယ်။ အမေရိကန်အစိုးရ အကြမ်းဖက်မှုတုံ့ပြန်ရေးဌာန ညှိနှိုင်းဆောင်ရွက်ရေးမှူးဟောင်း ဒယ်နီရယ် ဘင်ဂျမင်ကတော့ အိုင်အက်စ်တွေဟာ ရေနံရောင်းရငွေကနေ လစဉ် အမေရိကန်ဒေါ်လာ သန်း ၄၀ ရနေကြောင်း အစီရင်ခံစာတွေက ဖော်ပြထားတယ်လို့ ပြောပါတယ်။ အခု ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အိုင်အက်စ်တွေရဲ့ ရေနံရောင်းရတဲ့ ဝင်ငွေကို သိသိသာသာ လျော့ကျစေမယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up