Home
မြန်မာသတင်း
စစ်ပွဲရပ်ပေးရန် ရှမ်းတေးသံရှင်များ နယ်လှည့်သီဆို တောင်းဆို
နန်းမြနဒီ
·
November 19, 2015
12278801_523256951189266_941374904862534088_n
12274772_845845965533299_3905273204967197460_n
12246661_845814548869774_6562262147727665036_n
12227158_845845882199974_5590021766236501806_n
11231149_845814592203103_8662933807639156013_n
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီး၊ မိုင်းရှူး နဲ့ မိုင်းနောင်မြို့နယ် ၃ ခုမှာ လတ်တလော ဖြစ်ပွားနေတဲ့  စစ်ပွဲတွေရပ်ပေးဖို့  ရှမ်းတေးသံရှင်တွေ နယ်လှည့်သီဆို တောင်းဆိုနေပါတယ်။ တလကျာ်ကြာမြင့်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ဘေးရှောင်ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေရတာတွေ ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး မိမိတတ်နိုင်တဲ့ အနုပညာနဲ့ တတ်နိုင်သလောက် ကူညီဖို့ ခရီးစဉ်ကို စတင်လိုက်တာလို့ တေးသံရှင်စိုင်းအောင်ထီးခမ်းက ဒီဗွီဘီကို ပြောပါတယ်။ “လက်ရှိကျနော်တို့ နေနေတာကတော့ ရန်ကုန်မှာပေါ့ဗျာ။ ဒါပေမယ့် စစ်ဘေးရှောင် ပြည်သူတွေအကြောင်း၊ တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းတွေ ကြားသိ မြင်တွေ့နေရတော့ တော်တော်စိတ်မချမ်း မသာဖြစ်ရပါတယ်။  သူတို့တွေ ခုလိုဒုက္ခရောက်နေချိန် ကျနော်တို့ ရန်ကုန်မြို့ကြီးမှာ နေနေရတာ စိတ်ထဲမှာ မတရားသလို ကိုယ်ဟာအပြစ်ရှိသလို ခံစားရတယ်။ နေရထိုင်ရတာ တနုံ့နုံနဲ့၊ ဒါနဲ့ တခုခုတော့ လုပ်ပေးရမယ်ဆိုပြီး ကျနော်လက်ခံထားတဲ့ တေးထုတ်လုပ်ရေးအစီအစဉ်တွေ ခဏရပ်နားပြီး စိတ်တူ ၀ါသနာတူတွေ စုပြီး ဒီအစီအစဉ်ကို လုပ်လိုက်တာဖြစ်ပါတယ်။” အစီအစဉ်လုပ်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ (စစ်ပွဲရပ်ပေးပါ)ဆိုတဲ့ သီချင်းကို သူငယ်ချင်းစိုင်းကွဏ်းနဲ့အတူ ညတွင်းချင်းရေးစပ်သီကုံးပြီး  တောင်ကြီးမြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ကစ  ငြိမ်းချမ်းပါစေ ဒို့ဌာနေ ငြိမ်းချမ်းပါစေ၊ တောင်ပေါ်မြေငြိမ်းချမ်းပါစေ ဒို့ရှမ်းပြည် စတဲ့ ကြွေးကြော်သံတွေနဲ့ပါ လှုံ့ဆော်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ခရီးစဉ်မှာ အတူပါသွားတဲ့ ရှမ်းလူငယ်အဖွဲ့မှ စိုင်းကွဏ်းကလည်း  အလှူငွေ အနည်းအများ ရရှိဖို့က အဓိကမဟုတ်ဘဲ  ရှမ်းပြည်က ဒုက္ခသည်တွေအကြောင်း လူတွေပိုမိုစာနာနားလည်စေဖို့ လှုံ့ဆော်တေးသီချင်းတွေလိုက်လံသီဆိုခဲ့တာမှာ နှစ်ရက်တာအတွင်း ကျပ်သိန်း ၁၀၀ နီးပါးရရှိခဲ့ပြီး ဒုက္ခသည်တွေ လက်ထဲအရောက် ပေးလှူသွားမယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲရပ်ရေး နယ်လှည့်သီဆိုလှုံ့ဆော်ရေးအစီအစဉ်မှာ တေးသံရှင် စိုင်းအောင်ထီးခမ်းနဲ့အတူ  စိုင်းလောဝ်မိုင်းယောင်း၊ စိုင်းဆိုင်လှိုင်းမိုင်း၊  စန့်ဖိန်း၊ စိုင်းသက်ဦး စတဲ့ ရှမ်းတေးသံရှင်တွေရော တက်သစ်စလူငယ်တေးသံရှင်နဲ့ အဖွဲ့တွေပါ ကား ၄ စီးနဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်၊ လွယ်လင်၊ ပင်လုံ၊  နမ့်စန်၊ လဲချား၊ မိုင်းကိုင်၊ ဟမ်းငိုင်း၊ ကျေးသီး၊ ၀မ်ဝ တွေဆီ အရောက်သွားဖို့ ရှိနေပါတယ်။ ဓာတ်ပုံ - Sai Khay Lyo၊ Sao Nang Hsur  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024