A d v e r t i s e m e n t With Us

ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ဘက်ခမ်းကို People မဂ္ဂဇင်း ရွေးချယ် (ရုပ်သံ)

အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ် ဘက်ခမ်းကို People မဂ္ဂဇင်းက ညှိဓာတ်ပြင်းပြီး ဆွဲဆောင်မှုအရှိဆုံး သက်ရှိအမျိုးသားအဖြစ် နိုဝင်ဘာ ၁၈ ရက်က ရွေးချယ်လိုက်ပါတယ်။ အချိုးအစားကျပြီး ကြည့်ကောင်းတဲ့ ဘက်ခမ်းရဲ့စတိုင်ကို လူအတော်များများက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ ပက်စီ၊ အက်ဒီးဒက်စ် ကြော်ငြာတွေမှာလည်း မော်ဒန်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ညှို့အားကောင်းပေမယ့် ခန္ဓာကိုယ်ထိန်းသိမ်းရေး လေ့ကျင့်ခန်း အနည်းငယ်ပဲ ဆောင်ရွက်ဖြစ်တယ်လို့ ဘက်ခမ်းက ပြောပါတယ်။ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုအရှိဆုံး သက်ရှိအမျိုးသားအဖြစ် ရွေးချယ်တဲ့ People မဂ္ဂဇင်းကို နိုဝင်ဘာ ၂၀ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up