A d v e r t i s e m e n t With Us

ဖက်ဒရယ်နိုင်ငံတည်ဆောက်ရန် အန်အယ်လ်ဒီနှင့်လက်တွဲမည်ဟု လက်နက်ကိုင် ၃ ဖွဲ့ကြေညာ

ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ဖို့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က  ပူးတွဲကြေညာလိုက်ပါတယ်။ ကိုးကန့်တပ်မတော် (အမ်အန်ဒီအေအေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(တီအန်အယ်လ်အေ)တို့က နိုဝင်ဘာ ၁၈ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ လိုက်တာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့အပေါ် ဂုဏ်ပြုကြိုဆိုလိုက်ပြီး အစိုးရအဖြစ်တာဝန်ယူတော့မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့အတူ နှစ်ပေါင်း ၇၀ ကြာပြည်တွင်းစစ်မီးကို အဆုံးသတ်ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရရဲ့  မအောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲ အနိုင်ရပါတီက အသေအချာသုံးသပ်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက် အဖြေရှာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ တိုင်းရင်းသားပြည်သူတွေအနေနဲ့လည်း  ပြည်တွင်းစစ်ရပ်စဲပြီး ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံအောင်မြင်စွာ ထူထောင်နိုင်ဖို့ အတွက်  ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ရေး ၀န်းရံပံ့ပိုးပေးကြဖို့တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up