ကိုပါဖလား ရှုံးကြွေးကို ပြန်ဆပ်လိုက်သည့် ဥရုဂွေး (ရုပ်သံ)

3.2K
တောင်အမေရိကဇုန် ၂၀၁၈ ကမ္ဘာဖလားခြေစစ်ပွဲမှာတော့ ဥရုဂွေးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ချီလီအသင်းကို အနိုင်ကစားပြီး ကိုပါဖလား ကွားတားဖိုင်နယ် ရှုံးကြွေးကို ပြန်ဆပ်လိုက်ပါတယ်။
ပထမပိုင်း ၂၃ မိနစ်မှာ ဂေါ့ဒင်က အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၆၁ မိနစ်နဲ့ ၆၅ မိနစ်မှာ ဥရုဂွေးအသင်းက ၂ ဂိုး ဆက်တိုက်သွင်းယူပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ဒီပွဲအနိုင်ရတဲ့ အတွက် ဥရုဂွေးက ၄ ပွဲကစား ၃ ပွဲနိုင် ၁ပွဲရှုံး ၉ မှတ်နဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲ အမှတ်ပေးဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ချီလီကတော့ ၄ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ၇ မှတ်နဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။
၂၀၁၆ မတ်လရောက်မှာသာ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေကို ပြန်လည် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။