အပန်းဖြေခရီး လည်ပတ်သူများလာသည့် မြိတ် ကျွန်းစုက လေးကျွန်းကမ်းခြေ (ရုပ်သံ)

1.1K
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းပေါင်း ၈၀၀ ကျော် ရှိသည်အနက် ရေမိုင် ၃၆ မိုင်နီးပါးခန့်ရှိသော လေးကျွန်းကမ်းခြေကို ပွင့်လင်းရာသီမှာ သွားရောက်လည်ပတ်သူတွေ များပြားလာကြပါတယ်။
ကျွန်းစုမြို့နယ်အတွင်းရှိ လေးကျွန်းကမ်းခြေသို့ မြိတ်တက္ကသိုလ်ကျောင်းသား/ သူများ ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်လည်ပတ်ရာမှ နောက်ပိုင်းတွင်း လူအများ စိတ်ဝင်စားလာခြင်းဖြစ်တယ်လို့ ဒေသခံခရီးသွားတချို့က ဆိုပါတယ်။
“ဒီကျွန်းရဲ့ အနီးနားမှာ လေးကျွန်းရှိနေလို့ လေးကျွန်းကမ်းခြေလို့ အမည်ပေးထားတာပါ အမှန်ကတော့ ဒီကျွန်းက Harris Island ကျွန်းပါ”လို့ လေးကျွန်းကမ်းခြေ အပန်းဖြေ ခရီးစဉ် စီစဉ်ပေးနေတဲ့ Organizer ကိုမင်းမင်းက ရှင်းပြပါတယ်။
လက်ရှိမှာ လေးကျွန်းကမ်းခြေ အပန်းဖြေခရီးစဉ်ကို အစိုးရရုံးပိတ်ရက်များနှင့် စနေ၊ တနင်္ဂနွေနေ့များမှာ ရှပ်ပြေးအမြန်ရေယာဉ်များဖြင့် ပြေးဆွဲပေးနေပြီး၊ အပတ်စဉ် ခရီးသည် ရာနဲ့ချီကာ သွားရောက်အပန်းဖြေသူတွေ များပြားနေပြီး ခရီးသည်များအတွက် အသက်အန္တရာယ် လုံခြုံမှုအပိုင်းတွေ အပြည်အ၀မရှိတာကြောင့် ခရီးသည်တချို့ကလည်း စိုးရိမ်ပူပန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ယင်း ခရီးစဉ်သည် လက်ရှိမှာ စနေ၊ တနင်္ဂနွေများတွင် အစိုးရရုံးပိတ်ရက်ဖြစ်သောကြောင့် အစိုးရ၀န်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံတွေ၊ အဓိကထား သွားရောက် လည်ပတ်နေရာမှ ရှပ်ပြေးအမြန်ရေယာဉ်တစီးမှာ ခရီးသည် ၃၀၀ ဦးကျော်မှ ၄၀၀ ဦးကျော်အထိ လိုက်ပါနေကြောင်း သွားရောက်အပန်းဖြေသူများထံမှ သိရပါတယ်။
ရုပ်သံ - ကိုဘိတ်