A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲများ ဆက်ကျင်းပမည်

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဘောလုံးပွဲစဉ်တွေကို စီစဉ်ထားတဲ့ အတိုင်း ဆက်ကျင်းပသွားမယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကြေညာပါတယ်။ နိုဝင်ဘာ ၁၃ ရက်ပြင်သစ်နိုင်ငံ ပဲရစ်မှာ လူ ၁၂၉ ဦးသေဆုံးသွားတဲ့  အကြမ်းဖက်မှုတွေကြောင့် ဥရောပက အားကစားပြိုင်ပွဲတချို့ကို ဖျက်သိမ်း ရွှေ့ဆိုင်းခဲ့ပေမယ့် ဒီပြိုင်ပွဲတွေကို ဆက်ကျင်းပသွားမည်လို့ ဆိုပါတယ်။ လုံခြုံရေးကို အာမခံနိုင်ဖို့ အတွက် အိမ်ရှင်အဖြစ် လက်ခံကစားမယ့် ကလပ်အသင်းနဲ့ ဒေသခံ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ယူအီးအက်ဖ်အေပြောခွင့်ရက ပြောပါတယ်။ အဝေးကွင်းကို သွားရောက်အားပေးမယ့် ပရိသတ်တွေနဲ့ ပတ်သက်ပြီး ညွန်ကြားချက် မထုတ်ရသေးသလို ဒါကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆုံးဖြတ်မယလို့ ဆိုပါယတ်။ နိုဝင်ဘာ ၂၆ ရက် ပြင်သစ် မိုနာကိုအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ဘယ်လ်ဂျီယံ အန်ဒါလက်ခ်ျအသင်း ပရိသတ်တွေ လာရောက်ခွင့်ကို တားမြစ်မယ်လို့ ပြောဆိုထားပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ကလည်း ဒီတပတ်ဘောလုံးပွဲစဉ်တွေကို ကျင်းပသွားမှာ ဖြစ်သလို ဒီနောက်မှာတော့ ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။ ပြင်သစ်က ပြည်တွင်း ကလပ်အသင်းပြိုင်ပွဲတွေကို ကျင်းပသွားမှာ ဖြစ်ပေမယ့် အဝေးကွင်း ပရိသတ်တွေကိုတော့ အားပေးခွင့်ပြုမှာ မဟုတ်ပါဘူး။ ဂျာမနီဘွန်ဒစ်လီဂွက ဘောလုံးပွဲတွေလည်း ကျင်းပသွားမှာ ဖြစ်ပေမယ့် ပရိသတ်တွေက မီးရှုး မီးပန်းနဲ့ ဗြောက်အိုးတွေကို အိမ်မှာ ထားခဲ့ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up