၂၀၁၈ ကမ္ဘာဖလားခြေစစ်ပွဲ ဘရာဇီး ၃-၀ ပီရူး (ရုပ်သံ)

2K
တောင်အမေရိကဇုန် ၂၀၁၈ ကမ္ဘာဖလားခြေစစ်ပွဲမှာတော့ ဘရာဇီးက ပီရူးကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ၂၂ မိနစ်မှာ ဘရာဇီးက အလယ်တန်းကစားသမား ဒေါက်ကလပ် ကော်စတာက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၇ မိနစ်နဲ့ ၇၇ မိနစ်မှာ ရီနာတိုသြဂတ်စ်တိုနဲ့ ဖိလစ်ပီ လူးဝစ်တို့က ဒုတိယဂိုးနဲ့ တတိယဂိုး အသီးသီးသွင်းယူသွားခဲ့ပါတယ်။
ဒီပွဲမှာ ကော်စတာက အကောင်းဆုံးကစားသွားပြီး တဂိုးသွင်းယူပေးခဲ့သလို တခြားသူတွေ သွင်းယူတဲ ၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ကြောင့် ဘရာဇီးအသင်းဟာ ၄ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၁ပွဲရှုံး ၇ မှတ်နဲ့ တောင်အမေရိက ခြေစစ်ပွဲဇုန် အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပါတယ်။ ပီရူးကတော့ ၄ ပွဲကစား ၁ ပွဲနိုင် ၃ ပွဲရှုံး ၃ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။