လက်ပံတန်းသပိတ် ၀န်းရံပြည်သူ ၄ ဦး ကျန်းမာရေးချို့ယွင်းပြီး ရန်ကုန်ဆေးရုံကြီးပို့ဆောင်

ဓာတ်ပုံ - အိမမမွန်
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး အစာငတ်ခံ ဆန္ဒပြနေတာကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် အစာမစားဘဲ သပိတ်မှောက်ခဲ့ကြတဲ့ ၀န်းရံပြည်သူ ၄ ဦးဟာ ကျန်းမာရေး ချို့ယွင်းလာလို့ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ရပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ကုသရတဲ့ သူတွေကတော့ ကိုအောင်မြင့်ဟန်၊ ကိုသိန်း၊ ကိုစိုးမိုးနိုင်နဲ့ ကိုရဲထွဋ်လွင်တို့ ၄ ဦး ဖြစ်ပါတယ်။ ဗကသကျောင်းသား ပြောခွင့်ရသူ ကိုအောင်နေပိုင်က “သူတို့က အစာငတ်ခံဆန္ဒပြတဲ့ အတွက် ကျန်းမာရေး ချို့တဲ့သွားတာပေါ့။ ကိုအောင်မှိုင်းဆန်းက ရပ်နားလိုက်တယ်ဆိုတော့ သူတို့လည်း ရပ်နားလိုက်တာပေါ့။ သူတို့ ဆေးကုသမှုခံယူဖို့ လိုတဲ့အတွက် ရန်ကုန်ကို လွှဲလိုက်တာ” လို့ ပြောပါတယ်။ ရွှေဝါရောင်သံဃာတော်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစုတွေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မေတ္တာရပ်ခံချက်တွေကြောင့် ကိုအောင်မှိုင်းဆန်း အပါအ၀င် သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေက  အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေမှုကို နိုဝင်ဘာ ၁၇ရက်နေ့ကစ ယာယီ ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up