A d v e r t i s e m e n t With Us

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ရှမ်းစစ်ပြေးဒုက္ခသည်များအတွက် အကူအညီ ပေးအပ်

ဓာတ်ပုံ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဖေ့စ်ဘွတ်ခ်။
ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်ပွားတဲ့ဒေသက ထွက်ပြေးခိုလှုံနေကြရတဲ့  စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက  လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးအပ်နေပါတယ်။ မိုင်းရှူးမြို့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၇၀၀ နဲ့ ဟိုင်းပါရှိ ဒုက္ခသည် ၁၀၀၀ တို့အတွက် အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက အဖွဲ့တဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက်က လားရှိုးမြို့ကို ရောက်ရှိပြီး ဒီကနေ့ လားရှိုးကနေ မိုင်းရှူးမြို့ကို စတင်ထွက်ခွာသွားပြီလို့ ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။ အကူအညီပေးရေးပစ္စည်းတွေထဲမှာ ရာသီဥတု အေးနေပြီဖြစ်လို့ ဒုက္ခသည်တွေအတွက် ဂွမ်းစောင်အထည် ၁၀၀၀ ကျော်၊ ဝမ်းရောဂါကာကွယ်ရေး ရေကြိုချက်သောက်နိုင်ဖို့  ရေနွေးကရားအိုးတွေ၊ ဆန်အိတ်တွေနဲ့ ပဲပုပ်အထုပ်ကြီးတွေ ပါဝင်သွားတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က  တည်ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေက မြန်မာနိုင်ငံတ၀န်း သဘာဝဘေးဒုက္ခနဲ့ ကြုံတွေ့ရစဉ်ကလည်း ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ အများအပြား သွားရောက်ပေးအပ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up