A d v e r t i s e m e n t With Us

မြောင်းမြတွင် ကလေးငယ်များအပါအ၀င် လူ ၇၀ နီးပါး အစာအဆိပ်သင့် (ရုပ်သံ)

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင်း ကျေးရွာကထိန်အလှူပွဲတခုမှာ ခေါက်ဆွဲကြော်စားပြီးနောက် အစာအဆိပ်သင့်လို့ ကလေးငယ် အများစုအပါအ၀င်  လူယောက် ၇၀ နီးပါးဆေးရုံတက်ရောက် ဆေးကုသမှုခံယူခဲ့ရပါတယ်။ မြောင်းမြမြို့နယ် သဇင်ကုန်းကြီးကျေးရွာအုပ်စု မဒမ လင်းဒိုင်းကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ကျေးရွာဘုန်းတော်ကြီးကျောင်း ဘုံကထိန်ပွဲမှာကျွေးတဲ့ ခေါက်ဆွဲကြော်စားသောက်ပြီးနောက် အစာအဆိပ်သင့်ကာ လူအယောက် ၇၀ ခန့် မြောင်းမြခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာလို့  ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ခေါက်ဆွဲကြော်မှာ ဘာကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွားတယ်ဆိုတာကိုတော့ လက်ရှိ အချိန်ထိ စုံစမ်းဆဲဖြစ်ပြီး  မြောင်းမြခရိုင် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးကတော့   ဆေးကုသမှုခံယူနေရတဲ့ အစာအဆိပ်သင့်သူတွေရဲ့ ကျန်းမာရေးအခြေနေ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ ရိုက်ကူး - သော်ဇင်မျိုး

A d v e r t i s e m e n t With Us

More News
Up