A d v e r t i s e m e n t With Us

ရေပူဆရာတော် ရုံးထုတ်စဉ် ဒကာ ဒကာမများ ကထိန်လှူဖွယ်ပစ္စည်း ဆက်ကပ် (ဓာတ်ပုံ)

မိုးကုတ်မြို့ ရေပူဆရာတော်ကြီးကို နိုဝင်ဘာ ၁၈ ရက်နေ့က ၂၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။ ဆရာတော်ကို ရုံးထုတ်စဉ် မိုးကုတ်မြို့က ဒကာ ဒကာမများမှ ဆရာတော်ကို ကထိန်လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကို ခပ်ထားတဲ့ လက်ထိပ် ဖြုတ်မပေးလို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့ နှစ်ဘက် သဘောထား တင်းမာခဲ့ပါတယ်။ ဆရာတော်က သူ့အမှုနဲ့ပတ်သက်ပြီး မန္တလေး တိုင်းတရားရုံးကို ပြောင်းရွှေ့စစ်ဆေးပေးဖို့ လျှောက်ထားခဲ့ပါတယ်။ မိုးကုတ်မြို့က ရေပူဆရာတော်ကို သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ)၊ ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁ (က) (ခ)၊ သာသနာညှိုးနွမ်းစေမှု ၂၉၅ (က) တို့နဲ့ ဇွန်လကတည်းက ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - အောင်အောင်နိုင်  

A d v e r t i s e m e n t With Us

More News
Up