ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးတို့ နိုဝင်ဘာ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းက မိနစ်အနည်းငယ်ကြာ သီးသန့်တွေ့ဆုံခဲ့တယ်လို့ ဦးဌေးဦးက ပြောပါတယ်။
အခုလို တွေ့ဆုံရာမှာ လွှတ်တော်ကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့လည်း ဦးဌေးဦးက ဆိုပါတယ်။
လာမယ့် ၂၀၁၆ လွှတ်တော်အသစ် အကူးအပြောင်းကိစ္စ၊ ရွေးကောက်ပွဲရလဒ်ကိစ္စ ပြောဖြစ်ခဲ့တာရှိလားလို့ ဒီဗွီဘီ သတင်းထောက်က မေးမြန်းရာမှာတော့ “ဆွေးနွေးစရာမရှိပါဘူး၊ ဒါတွေ မဆွေးနွေးပါဘူး” လို့ ဦးဌေးဦးက ပြန်လည်ဖြေကြားသွားပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို မတက်ရောက်တာ ၂ ရက်ရှိပြီ ဖြစ်ပါတယ်။
ရုပ်သံရိုက်ကူး – နေဖြိုးဝင်း