A d v e r t i s e m e n t With Us

စွန့်ပစ်ပစ္စည်းများဖြင့်ဆောက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် အိမ် (ရုပ်သံ)

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုရဲ့ ဆင်ခြေဖုံးမှာ အိမ်ဆောက်သူတွေဟာ ကားတာယာ အဟောင်းတွေ၊ ပလတ်စတစ် ရေသန့်ဘူးတွေ တိုက်ဖြိုကွန်ကရစ်နဲ့ အုတ်ခဲ စွန့်ပစ်ပစ္စည်းတွေကို သုံးပြီး ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အိမ်ကို ဖန်တီးခဲ့ကြပါတယ်။ ရှာတွေ့သမျှ ဘယ်လိုပစ္စည်းနဲ့မဆို သုံးပြီး အိမ်ဆောက်တတ်တဲ့၊ အင်မတန်တော်တဲ့ အိမ်ဆောက်သူတွေ အလုပ်သမားတွေကို ရှာတွေ့ခဲ့တယ်၊ ဒါကြောင့် ကွန်ကရစ် အကျိုးအပဲ့တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ရှာခဲ့တယ်၊ အဲဒါတွေအားလုံးကို အသစ်ဖြစ်အောင် ပြန်သုံးခဲ့တယ်လို့ မြေပိုင်ရှင် တီမာ အယ်လ် ဟာဒီဒီက ပြောပါတယ်။ အိပ်ခန်း ၂ ခန်းပါတဲ့အိမ်ကို ဆောက်ဖို့ ရေသန့်ဘူးခွံ အလုံး ၃၀၀၀ နဲ့ သစ်သားစတွေကို သုံးပြီး အမာခံဖွဲ့စည်းပုံကို အားဖြည့်ဖို့ ကွန်ကရစ်ကို သုံးခဲ့တာပါ။ အိမ်အသစ်ကို ဆောက်နေတုန်း ယာယီနေဖို့ အိမ်အဖြစ် ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ပြန်သုံးဖို့ လူတိုင်း ကြိုက်တာ ကောက်လို့ရပါတယ်၊ သန်းချီတန်တဲ့ ခြံဝင်းထဲမှာ အိမ်ဝယ်ဖို့ ဆုံးဖြတ်ရင်တော့ တမျိုးပေါ့၊ ဒါပေမယ့် အိမ်ဆောက်ဖို့ ဈေးပေါတဲ့ ပစ္စည်းတွေလည်း ရနိုင်တယ်လို့ အယ်လ် ဟာဒီဒီက ပြောပါတယ်။ ဆောက်လုပ်ဆဲ အိမ်ကြီးမှာတော့ အိပ်ခန်း ၃ ခန်း အနည်းဆုံး ပါမှာဖြစ်ပြီး မြေအောက်ရုပ်ရှင်ရုံနဲ့ ရေကူးကန်တွေအပြင် မြေအောက်စင်္ကြန်လမ်းတွေလည်း ပါပါတယ်။ ဒီအိမ်ကြီးကိုတော့ ၂၀၁၆ ခုနှစ်မှာ အပြီးသတ် ဆောက်လို့ပြီးမယ်လို့ အယ်လ် ဟာဒီဒီက မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up