ရေဆိုးမြောင်းတွင်းချော်ကျသည့် ကိုယ်ဝန်ဆောင်နွားမကြီးကို ကယ်တင် (ရုပ်သံ)

926
တရုတ်နိုင်ငံ၊ ဂွမ်ကျိုးခရိုင်မှာ ကိုယ်ဝန်ဆောင် နွားမကြီးတကောင်ဟာ ရေဆိုးမြောင်းအတွင်း ချော်ကျခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေဟာ ကရိန်းနဲ့မတင်ပြီး ကယ်ဆယ်ခဲ့ရပါတယ်။
နွားမကြီးဟာ ကိုယ်အလေးချိန် ပေါင် ၉၀၀ နီးပါးရှိပြီး ရေဆိုးမြောင်း အောက်ခြေကနေ အပေါ်ကို ကယ်ဆယ်ရေးလုပ်သားတွေက ကရိန်းနဲ့မတင် ကယ်ဆယ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ယူပီအိုင်သတင်းမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖော်ပြပါတယ်။
ကိုယ်ဝန်ဆောင်နွားမကြီးကို အပေါ်ကို မတင်ကယ်ယူပြီးချိန်မှာ သူဟာ တော်တော်မောပန်းနေပြီး ပိုင်ရှင်ဆီမရောက်ခင် အနားယူဖို့ လိုအပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။