Saturday, June 10, 2023
HomeLead Storyပါရီမြို့ မြောက်ပိုင်းတွင် ပြင်သစ်အထူးတပ်ဖွဲ့များနှင့် သေနတ်သမားများ ပစ်ခတ်မှုဖြစ်

ပါရီမြို့ မြောက်ပိုင်းတွင် ပြင်သစ်အထူးတပ်ဖွဲ့များနှင့် သေနတ်သမားများ ပစ်ခတ်မှုဖြစ်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်သူတဦးကို ရှာဖွေနေတဲ့  ပြင်သစ်အထူးတပ်ဖွဲ့တွေနဲ့ သေနတ်သမားတို့  အပြင်းအထန် ပစ်ခတ်နေကြတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

ပါရီမြို့တော်မြောက်ဘက် Saint Denis အရပ်မှာ မနက် ၄ နာရီခွဲလောက်ကစပြီး အပြင်းအထန်  ပစ်ခတ်သံတွေကို ကြားရတယ်လို့ မျက်မြင်တွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ပြင်သစ်ရုပ်သံ သတင်းတွေမှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုအတွင်း ပြင်သစ်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိတယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့နေရာဟာ အသေခံဗုံးခွဲသူ ၃ ဦး နိုဝင်ဘာလ ၁၃ ရက်နေ့က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဘောလုံးကွင်းအနီးမှာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က ပါရီမြို့တော် တိုက်ခိုက်မှုတွေအတွင်း လူအားလုံး ၁၂၉ ဦး သေဆုံးသွားပြီး တိုက်ခိုက်မှုတွေကို အိုင်အက်စ်အကြမ်းဖက်တွေက လုပ်ဆောင်တာလို့ တာဝန်ခံပြောဆိုထားပါတယ်။

တိုက်ခိုက်သူအကြမ်းဖက် ၇ ဦးကတော့ တိုက်ခိုက်ချိန်မှာပဲ သေဆုံးခဲ့ပြီး ၂ ဦးကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ပြင်သစ်လုံခြုံရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular