A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဟောင်ကောင်နှင့် တရုတ် ဂိုးမရှိသရေကျ

ဓာတ်ပုံ - ရိုက်တာ
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဟောင်ကောင်နဲ့ တရုတ်တို့ နိုဝင်ဘာ ၁၇ ရက်နေ့က ယှဉ်ပြိုင်ရာ ဂိုးမရှိ သရေကျသွားပါတယ်။ မနှစ်က ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်တို့ကြား နိုင်ငံရေးတင်းမာမှု မကျေလည်သေးခင်မှာ ယှဉ်ပြိုင်ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဟောင်ကောင်ဟာ ဖီဖာ ကမ္ဘာ့ဘောလုံးအဆင့် သတ်မှတ်ချက်အရ ၁၄၅ နေရာမှာရှိပြီး တရုတ်ကတော့ အဆင့် ၈၄ မှာ ရှိပါတယ်။ ဒါပေမယ့် ဟောင်ကောင်က သရေခံကစားခဲ့လို့ တရုတ်အတွက် ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့်ရရေး မျှော်လင့်ချက်မှာ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင်အသင်းဟာ စက်တင်ဘာတုန်းကလည်း ရှန်ကျန်းမှာ တရုတ်အသင်းနဲ့ ယှဉ်ပြိုင်ရာ ဂိုးမရှိသရေ ခံကစားခဲ့ပါတယ်။ ဟောင်ကောင်ဟာ အင်္ဂလိပ် ကိုလိုနီဟောင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ တရုတ်လက်အောက်ကို ပြန်လည်လွှဲအပ်ခဲ့ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဘောလုံးပွဲကို နိုင်ငံရေးနဲ့ မရောထွေးဖို့ အရာရှိတွေက မေတ္တာရပ်ခံခဲ့ပေမယ့် ဟောင်ကောင်အသင်း ပရိသတ်တွေဟာ တရုတ်ကိုအာခံတဲ့ နဖူးစီးစာတမ်းတွေကို ကိုင်ရင်း ဘောလုံးပွဲကို အားပေးခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up