မြန်မာ-ထိုင်း ရှင်အပါး ၃၃၀ ဆံချရှင်သာမဏေသွတ်သွင်းပွဲ အခမ်းအနား (ရုပ်သံ)
DVB
·
November 18, 2015
ထားဝယ်မြို့ လောကမာရ်ဇိန်ဘုရားကြီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ရှင်အပါး ၃၃၀ အား ဆံချရှင်သာမဏေသွတ်သွင်းပွဲ အခမ်းအနားမှာ မြန်မာ-ထိုင်း ရဟန်းအပါး ၅၀၀ ဆွမ်းခြောက်လောင်းလှူပွဲနဲ့ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
Good Heart ဖြူစင်နှလုံးသား ပရဟိတ ဖောင်ဒေးရှင် ၃ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ကျင်းပပြုလုပ်ပေးတာဖြစ်ပြီး ထိုင်းဓမ္မကာရကျောင်းမှ ဆရာတော်တွေနဲ့ ထိုင်းဒကာ/ ဒကာမတွေမှ အလှူငွေတွေနဲ့ ဆီမီးခွက်တွေ လှူဒါန်းပါဝင် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရှိပါတယ်။
ဒီနေ့ နောက်ဆုံးနေ့မှာ ဆီမီး ၁၀၀၀ ပူဇော်ပွဲအခမ်းအနားကို ရှင်အပါး ၃၀၀ကျော် မြန်မာ-ထိုင်း ရဟန်းအပါး ၅၀၀ နဲ့ ဒေသခံပြည်သူ ၁၀၀၀ ကျော် တက်ရောက်ပြီး ဆီမီးပူဇော်ခဲ့တယ်လို့ သိရှိရပါတယ်။
ရိုက်ကူး - ထွန်းကျော်မောင်