A d v e r t i s e m e n t With Us

ပြင်သစ် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ဆက်ကျင်းပမည်

ပြင်သစ်နိုင်ငံ ပဲရစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် ပြည်တွင်းအခြေစိုက် ဘောလုံးပြိုင်ပွဲတွေကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပဲရစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပြင်သစ်-ဂျာမနီ ချစ်ကြည်ရေးပွဲကိုလည်း ဦးတည် လုပ်ဆောင်ခဲ့တဲ့အတွက် အားကစားပွဲတချို့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းအခြေစိုက် ဘောလုံး လိဂ် ၁၊ ၂ ပြိုင်ပွဲတွေကို သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆက်ကျင်းပသွားမှာလို့ အားကစားဝန်ကြီးက ပြောပါတယ်။ လုံခြုံရေး အခြေအနေအရ အဝေးကွင်း ပရိသတ်တွေကိုတော့ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပြင်သစ်မှာ ကျင်းပမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကိုလည်း စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြင်သစ်-အင်္ဂလန် ခြေစမ်းပွဲကို အစောပိုင်းက မကျင်းပတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒီပွဲကို သတ်မှတ်ရက်မှာ ကစားသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up