A d v e r t i s e m e n t With Us

အိုင်အက်စ် ချေမှုန်းရေး ကမ္ဘာ့ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းရန် ပြင်သစ် တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
ပြင်သစ်နိုင်ငံ ပါရီမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို ချေမှုန်းရေး ကမ္ဘာ့နိုင်ငံအားလုံး ပါဝင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ ပြင်သစ်သမ္မတက နိုဝင်ဘာ ၁၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံက အိုင်အက်စ်အကြမ်းဖက် အမာခံမြို့ဖြစ်တဲ့ ရက်ကာမြို့ကို ပြင်သစ်နိုင်ငံက အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေချိန်နဲ့ တချိန်တည်းမှာ ပြင်သစ်သမ္မတ ဟောလန်ဒီက တောင်းဆိုခဲ့တာပါ။ နိုဝင်ဘာ ၁၇ ရက်နေ့က အိုင်အက်စ်အကြမ်းဖက် ကွပ်ကဲရေးစခန်းတွေနဲ့ တပ်သားသစ်စုဆောင်းရေး စခန်းတွေကို ပြင်သစ်လေတပ်က ပစ်ခတ်ခဲ့တယ်လို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ လူ ၁၂၉ ဦး သေဆုံးတဲ့ ပါရီမြို့တော် တိုက်ခိုက်မှုတွေကို အိုင်အက်စ် အကြမ်းဖက်အဖွဲ့က လုပ်ဆောင်တာလို့ ၀န်ခံထားပါတယ်။ အိုင်အက်စ်ကို တိုက်ခိုက်သူ ဘယ်သူမဆို ပါရီမြို့တော်တိုက်ခိုက်မှုလို တိုက်ခိုက်မှာဖြစ်ပြီး ၀ါရှင်တန်မြို့တော်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ ပြောဆိုပါတယ်။ ပြင်သစ်သမ္မတကတော့ အိုင်အက်စ် စစ်ရေးပစ်မှတ်တွေ၊ ဌာနချုပ်တွေကို အပြတ်ချေမှုန်းမှာဖြစ်ပြီး လေတပ်အင်အားကို ၃ ဆ တိုးမြှင့်ဖို့ ပြင်သစ် လေယာဉ်တင်သင်္ဘောပါ စေလွှတ်မယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ ရုရှားပါ ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပေမယ့် ရုရှားနိုင်ငံကတော့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ မပတ်သက်တဲ့ ဆီးရီးယားသူပုန်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။

A d v e r t i s e m e n t With Us

More News
Up