၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ ၄ ပွဲလုံး အနိုင်ရသည့် အီကွေဒေါ (ရုပ်သံ)

3.3K
တောင်အမေရိကဇုန် ၂၀၁၈ ကမ္ဘာဖလားခြေစစ်ပွဲမှာတော့ အီကွေဒေါအသင်းက ဗင်နီဇွဲလား အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားသွားပါတယ်။
ဒီအတွက် ခြေစစ်ပွဲမှာ ၄ ပွဲကစား ၂ ပွဲနိုင် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားမှာ အီကွေဒေါက ဦးဆောင်နေပါတယ်။
အီကွေဒေါအတွက် အဖွင့်ဂိုးကိုတော့ မာတီနက်က ပထမပိုင်း ၁၅ မိနစ်မှာ သွင်းယူသွားပါတယ်။ ဒီနောက် ၂၃ မိနစ်မှာ ဒုတိယဂိုးသွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်း မိနစ် ၆၀မှာ အီကွေဒေါက တတိယဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၈၀မှာတော့ ဗင်နီဇွဲလားအသင်းက နှစ်သိမ့်ဂိုးတဂိုး ပြန်လည်သွင်းယူပါတယ်။
ဗင်နီဇွဲလားကတော့ ၄ ပွဲကစား ၄ ပွဲရှုံးပြီး တမှတ်မှမရသေးဘဲ အမှတ်ပေးဇယား အောက်ခြေမှာ ရပ်တည်နေပါတယ်။